ii t">
 မတူညီတဲ့ ချစ်ခြင်းများနဲ့ သူတို့နှစ်ဦး
 နှစ်တစ်နှစ်ရဲ့ ထူးခြားတဲ့ နေ့တွေမှာ အလေးအနက် ထားဖြစ်တဲ့ နေ့လေးတစ်နေ့ အဖြစ် Valentine Day ကိုလည်း ထည့်သွင်း  တတ်ကြသူတွေ ရှိပါတယ်။
 ကိုယ်ကိုယ်တိုင် အဲဒီနေ့မှာ ပါဝင် ဆင်နွှဲပြီး မပျော်နိုင်တောင်မှ အခြားသူတွေ အဲဒီနေ့မှာ ပါဝင် ဆင်နွှဲတာ ကြည့်ပြီး ပျော်ရွှင်မိကြ  သူများလည်း ရှိမှာပါ။ အသက်အရွယ် အရသာ အဲဒီနေ့လေး အပေါ် ခံစားရတဲ့ ခံစားမှု ပြောင်းသွားပေမယ့် မေ့တော့  မမေ့ကြပါဘူး။ ၂၀၁၁ ဖေဖော်ဝါရီ လထဲက တစ်ရက်ဖြစ်တဲ့ အဲဒီနေ့လေး အတွက် ပုံရိပ်များကို  ရဲတိုက်နဲ့ ၀တ်မှုံရွှေရည်တို့က  ပုံဖော်ပေးကြပါတယ်။ ကမ္ဘာပေါ်မှာ လူတိုင်း မချစ်တဲ့သူ မရှိလောက်ပါဘူး။
 ချစ်တတ်တဲ့ သူတိုင်း အတွက် ပုံဖော် ပေးကြတဲ့ ရဲတိုက်နဲ့ ၀တ်မှုံရွှေရည်တို့ရဲ့ လှုပ်ရှားမှုကို မှတ်တမ်း တင်သူက  ဓာတ်ပုံကိုလင်း(Studio-K) ပဲ ဖြစ်ပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ အတွက် ဓာတ်ပုံ ရိုက်ကူးဖို့ နေရာကို ရဲတိုက်ကပဲ  စဉ်းစားပေးခဲ့တာပါ။ အ၀ါရောင် ပန်းပွင့်လေး များကြား ကောင်လေးနဲ့ ကောင်မလေးတို့ နှစ်ဦးရဲ့ ကြည်နူးဖွယ် ချစ်ပုံရိပ်များ  ရအောင် စဉ်းစား ရိုက်ကူးကြတာ  ဖြစ်ပါတယ်။ အ၀တ် အစား အရောင်ကအစ ဂရုတစိုက် စီစဉ်ဖြစ်တဲ့ ရဲတိုက်က Valentine Day  မှာ လူတွေ အထူးတလည်  ချစ်ကြတဲ့နေ့ ဖြစ်တဲ့အတွက် စိတ်ထဲမှာတော့ ကြည်နူးမိတယ်တဲ့။ အဲဒီနေ့နဲ့ ပတ်သက်ပြီး အမှတ်တရ  ဆိုတာ ရှိနိုင်ခဲ့ပေမယ့်  အဲဒီလို နေ့မျိုးမှာ ရတဲ့အမှတ် တရမျိုးက နောက်တစ်ရက်မှာ ပျောက်သွားနိုင်တဲ့ အတွက် အမှတ်တရ  ရှိတယ်ဆိုပြီး ရဲတိုက်က  မဖြေတတ်ပါဘူးတဲ့။ ကျွန်တော့်မှာ ချစ်သူ မရှိပါဘူးလို့ ဆိုတဲ့ ရဲတိုက်ကို ရွှေအမြုတေ အတွက်  အရင်ဆုံး မေးမြန်း ဖြစ်ပါတယ်။
 ရဲတိုက်မှာချစ်သူရှိပြီဆိုရင်ပရိသတ်ကိုအသိပေးချင်လား။
 ကျွန်တော့် သဘောကတော့ မကြေညာချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့် ချစ်သူရဲ့ အပြုအမူတွေမှာ လူတွေ  သိခြင်း၊  မသိခြင်းနဲ့ ပတ်သက်တဲ့ ဘေးထွက် ဆိုးကျိုးတွေ မရှိစေချင်ဘူး။ ဥပမာ- လူရှေ့မို့လို့ လုပ်ပေး ရ  တာမျိုးတို့၊ တခြားအကြောင်း  အရာကြောင့် ကြင်နာတာမျိုးတို့၊ အခြား အကြောင်းတွေ ရှိလာမှာ ကြောက်တယ်။  ကျွန်တော်က သံသယ သိပ်များတဲ့ လူဖြစ်တဲ့  အတွက်ပေါ့။  သံသယ သိပ်များတော့ ကိုယ့်ရဲ့ ဆိုးကျိုး  အတွက်ပေါ့နော်။ အဲဒါကြောင့် ဘေးထွက်ဆိုး  ကျိုးကြောင့်  ချေးများရတယ်။ လူသိ မခံချင်ဘူး။
 ရဲတိုက်ရဲ့ချစ်သူ ဖြစ်လာမယ့် ကောင်မလေးက လူသိခံချင်တယ်ဆို ဘယ်လို ညှိနှိုင်းမလဲ။
 အဲဒါဆိုအချစ်လျော့သွားမယ်လို့ကျွန်တော်ထင်တယ်။
 အဲဒီတစ်ချက်တည်းနဲ့ရဲတိုက်သူ့ကိုစွန့်လွှတ်မှာလား။
 အဲဒီလိုတော့မဟုတ်ဘူး။စွန့်လွှတ်နိုင်ခြင်း၊မစွန့်လွှတ်နိုင်ခြင်းကကျွန်တော်သူ့ကို  ဘယ်လောက်သတ်မှတ်မလဲမခန့်မှန်းတတ်ဘူး၊အချစ်လျော့ပေမယ့်လည်း မစွန့်လွှတ်နိုင်ဘူးဖြစ်ရင်ဖြစ်မှာပေါ့။
 ရဲတိုက်နဲ့ချစ်သူဖြစ်လာမယ့်ကောင်မလေးနဲ့ညှိနှိုင်းမှုတွေများမလား။
 မထင်ဘူး၊ကျွန်တော်မျှော်လင့်ထားတာကလူတစ်ယောက်အတွက်အဆင်ပြေတာ
ဲ့လူတစ်ယောက်ဆိုတာရှိပါတယ်။သိပ်ချေးများလွန်းလို့တစ်ယောက်မှမရတော့ တာမျိုးမရှိဘူးလို့မထင်ပါဘူး။
 အနုပညာရှင်တစ်ယောက်မှာချစ်သူထားရတာလွတ်လပ်မှုရှိတယ်လို့ရဲတိုက်ယူဆလား။
 ကျွန်တော်ကတော့ လွတ်လပ်မှု ရှိတယ်လို့ မြင်မိတယ်။ ကျွန်တော်သာ အပြင် လူငယ် တစ်ယောက်အနေနဲ့ ဆိုရင် ချစ်သူ  ရည်းစားထား ရတာ အခုလောက် လွယ်ကူမယ် မထင်ဘူး။ လွတ်လပ်အောင် လုပ်သွားမယ့် သူတွေ ရှိရင် လွတ်လပ်တယ်။ ဒီ  လောကက မင်းသား၊ မင်းသမီးအနေနဲ့ချစ်သူရည်းစားထားရတာလေ။
 ဘယ်လိုကြောင့်လဲ။
 မင်းသားပဲ၊ မင်းသမီးပဲ ဆိုတဲ့နောက်မှာ လူတွေ ခွင့်လွှတ် ပေးကြတာက တစ်ခါတလေ အတိုင်းအတာ တစ်ခု ထက်ကျော်လေ  အဲဒီ အပေါ်မှာ တစ်ခါတလေ အခွင့်အရေး ရတာပေါ့။ အဲဒါကို ယူရင်တော့ အခွင့်အရေး သမားပေါ့။ မယူဘူး ဆိုရင်လည်း  မယူဘူးပေါ့။
 သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အတွက် ရဲတိုက် Propose လုပ်တဲ့ အခါ သရုပ်ဆောင် ဆိုတဲ့  အလုပ်အပေါ်ရိုက်ခတ်မှုရှိလာနိုင်မလား။
 ရှိနိုင်တယ်။ ကျွန်တော် ကြောက်တယ်ဗျ။ ဘာပဲပြောပြော အိမ်ထောင်သည် ဖြစ်လာပြီဆိုရင် ကိုယ့်စိတ်ကိုယ် ထိန်းသိမ်းရမယ်  ထင်တယ်။ အဲဒီလို ထိန်းသိမ်းရင် အလုပ်ကို သေချာပေါက် ထိခိုက်မှာပဲ။ အလုပ်ကို ထိခိုက်မှာ ကျွန်တော် ကြောက်တယ်။  အလုပ်ကို ပိုချစ်တယ်။ တကယ်ပါ။
 အချစ်နဲ့ပတ်သက်ပြီးသံသယရှိတတ်တော့အလုပ်နဲ့ပတ်သက်ပြီးသံသယရော ထားတတ်သလား။
         ဖြစ်တတ်တာကိုပြောပြတာပါ။တကယ်ချစ်လာတဲ့အခါမှာကိုယ်ကိုယ်တိုင်ကလည်း  ချစ်ဖူးတာပဲလေ။ရှေ့မှာလည်းတချို့အပြစ်တွေဆိုကိုယ်ကလုံးဝမမြင်ဘူးလေ။
 သူများတွေကသာ အပြစ် ရှိတယ်လို့ ပြောတာ ကျွန်တော်က ဒီနေ့ ဒီအချိန်ထိ မြင်ကို မမြင်ဘူး၊  ထင်ကိုမထင်ဘူး။ချစ်လာရင်ချစ်တဲ့သူအပေါ်မှာမြင်တဲ့မျက်စိကတစ်မျိုးဖြစ်မှာပါ။
 အရမ်းချစ်လာရင်အပြစ်မမြင်ဘူးဆိုတာကိုလက်ခံတယ်ပေါ့။
 လက်ခံတယ်၊ ဘယ်လိုပဲ အပြစ်လုပ်လုပ် လက်ခံတယ်။ ကိုယ်က အရမ်းချစ်လာပြီ ဆိုရင်တော့  မျက်စိမှိတ်ပြီးလမ်းခွဲပစ်လိုက်ဖို့ထက်အနစ်နာခံပြီးပေါင်းမယ့်လူမျိုးလို့ကျွန်တော့်ကိုယ် ကျွန်တော်ထင်တယ်။ အရာ ရာတိုင်းတော့  မဟုတ်ဘူးနော်။ အချစ်နဲ့ ပတ်သက်လို့ပဲ။ ကျန်တဲ့ အရာကိုတော့ ပြတ်ပြတ်သားသား လုပ်တယ်။ အချစ်ကတော့ ဘ၀မှာ အထူး  ခံစားသင့်တဲ့ အရာလို့ကျွန်တော်ထင်တယ်။အဲဒါကြောင့်ကျွန်တော်သက်သက်ထားတာ။
 ဘယ်လိုကြောင့်အထူးခံစားသင့်တဲ့အရာလို့ထင်တာလဲ။
 ဒီနှလုံးသားလေးပိုင်ဆိုင်ရတာကျွန်တော်သိပ်ပျော်တယ်လေ။ဦးနှောက်ရှိရတာ  ကျေနပ်တယ်။ဒါပေမယ့်နှလုံးသားရှိရတာပိုကျေနပ်တယ်။
 ၁၅၀၀အချစ်ကပူလောင်တယ်လေ။
 ဟုတ်တယ်လေ။ကျွန်တော်ကြုံဖူးသမျှပူလောင်ခဲ့ရတာတွေချည်းပဲ။   မပူလောင်ချင်ပါဘူး။ကြောက်တယ်။မတတ်သာရင်သာ ကိုယ့်မှာကံကြမ္မာပါလာရင် ကြုံရမှာပဲ။တတ်သာရင်တော့မကြုံချင်ပါဘူး။
 ရည်းစားများတဲ့ကောင်လေးတွေကို ကောင်မလေးတချို့ကမုန်းကြတယ်။
 မမုန်းသင့်ပါဘူး။ သူတို့ ကိုယ်တိုင်လည်း သင်ခန်းစာ ရယူနိုင်တာပဲ။ အဲဒီကောင်လေးတွေ ဆီကလေ။ အဲဒီ ကောင်လေးတွေရှိတဲ့  အတွက် ဒီကောင်လေးတွေရဲ့ ဇာတ်လမ်း အစုံကို သူတို့မြင်တွေ့ခွင့်ရမယ်။သင်ခန်းစာယူခွင့်ရမယ်။
 ရဲတိုက်ဘက်က မကြိုက်တဲ့ ကောင်မလေးက အတင်း လိုက်ကြိုက်နေမယ်ဆို ရဲတိုက် ဘယ်လို လုပ်မလဲ။
 တစ်ခုခု ရှိလာပြီ ဆိုရင် သူ့ဘက်ကိုပဲ အများဆုံး စဉ်းစားသွားပြီ။ ကျွန်တော့် အနေနဲ့ကတော့ ထိုက်သင့်တဲ့ အသက် အရွယ်  ရောက်ပြီလေ။ ၂၆ နှစ်ဆိုတော့ အရာရာကို တစ်ခါတလေ တရား သဘောလေးနဲ့ နေတတ်နေပါပြီ။  အဲဒီတော့ တစ်ဖက်လူ  အတွက်ပဲ ကြည့်တာပေါ့။
 တစ်ဖက်လူအတွက်အပြည့်အ၀စဉ်းစားပေးတာလား။
 အပြည့်အ၀စဉ်းစားပေးရင်ကျွန်တော်သေသွားမှာပေါ့လို့ရဲတိုက်ကဖြေပေးပါတယ်။
 လူတစ်ယောက်မှာချစ်သူတစ်ယောက်မရှိလို့မဖြစ်ဘဲ။ကိုယ်နဲ့အဆင်ပြေတဲ့ချစ်သူ  ဖြစ်ဖို့တော့ကြိုးစားပမ်းစားညှိနှိုင်းဖို့လိုတယ်လို့ရဲတိုက်ကဆိုပါသေးတယ်။ ငယ်ငယ်တုန်းကထက် ရင့်ကျက်ပြီး အရာရာတိုင်းကို  အလေးအနက် ထားတတ်လာတဲ့ ၀တ်မှုံရွှေရည်ကလည်းValentineDayနဲ့ပတ်သက်တာများပြောပြသေးတာပါ။ ၀တ်မှုံရွှေရည်က  နှစ်တစ်နှစ်ရဲ့ ထူးခြားတဲ့နေ့၊ အမှတ်တရနေ့ အဖြစ် Valentine Day ကို သတ်မှတ်ထားပါ တယ်။ စိတ်ချမ်းသာချင်ပြီး  ပူလောင်တဲ့ဒဏ်တွေ မလိုချင်တဲ့ အချစ်မျိုး လိုချင်တဲ့ ၀တ်မှုံ ရွှေရည်ကိုမေးမြန်းထားတာများက...
 အချစ်ဆိုတာ ၀တ်မှုံ အတွက်က စိတ်ချမ်း သာချင်တယ်ကွာ။ ပူလောင်တဲ့ ဒဏ်တွေ မလိုချင်ဘူး။ များသော အားဖြင့် ၀တ်မှုံ  ကြုံတွေ့ရတဲ့ အချစ်တွေက ပူလောင်တယ်။ အဲဒီလို ပူလောင်တဲ့ အချစ်တွေကို မလိုချင်ဘူး။ အေးအေး ချမ်းချမ်းလေးနဲ့  တစ်ယောက်ကို တစ်ယောက်နားလည်ပေးနိုင်တဲ့အချစ်မျိုးပဲ လိုချင်တယ်။
 ၁၅၀၀အချစ်ကပူလောင်တယ်ဆိုတာဟုတ်တယ်ပေါ့။
  မှန်ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့နော်။ တချို့က အေးချမ်းပြီး ၁၅၀၀ အချစ်နဲ့ အဆင်  ပြေတဲ့သူ၊ ၁၅၀၀ အချစ်မှာ ပျော်နေကြတဲ့ သူတွေလည်း အများကြီး ရှိတယ်လေ။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး။  ခုနပြောတာကလည်း ၀တ်မှုံတစ်ယောက်တည်းအတွက်နဲ့ပြောတာပါ။
 အချစ်ကိုနက်နက်ရှိုင်းရှိုင်းခံစားတတ်တဲ့သူလား။
 အဲလို ပြောရင်လည်း ရပါတယ်။ လူပဲလေ၊ ဒီအသက် ဒီအရွယ်မှာတော့  ခံစားချက်တော့  ရှိမှာပဲ။လူထဲကလူတစ်ယောက်ဖြစ်တဲ့အတွက်ခံစားချက်ရှိတာပါ။
 အချစ်နဲ့သံယောဇဉ်ဘယ်လိုခွဲခြားလဲ။
  ချစ်ပြီးသွားရင်တော့ သံယောဇဉ်ဆိုတာရှိလာမှာပဲလေ။သံယောဇဉ်ရှိပြီးတဲ့ နောက်ပိုင်းမှာတော့ သံယောဇဉ် ဆိုတာ  အချစ်ကြောင့် ဖြစ်လာတာပဲ မဟုတ်ဘူးလား။ ဒါပေမယ့် ၀တ်မှုံလည်း  အချစ်အကြောင်းကိုအရမ်းကြီးမသိပါဘူး။ဝတ်မှုံဖြေတတ်သလိုဖြေတာ။
 ဒီကောင်လေးနဲ့ အဆင် မပြေလို့ နောက်တစ်ယောက် ပြောင်းပြီးကြိုက်တဲ့ ကောင်မလေးတွေ၊ ရည်းစားများတဲ့  ကောင်မလေးတွေ ဆိုရင် ကောင်လေးတွေက အပြစ် ပြောကြတယ်။ အဲဒီ အပေါ်မှာရော။
 အဲဒီလိုမျိုးတော့ ပြောလို့ မရပါဘူး။ အကုန်လုံးက လူတွေပဲ။ ခံစား တတ်ကြတယ်၊ ချစ်တတ်ကြတယ်လေ။ ဒီ တစ်ယောက်နဲ့  အဆင်မပြေလို့ သူတို့ အကြောင်းပြချက်နဲ့ သူတို့ ရှိကြမှာပဲလေ။ ဒီခေတ်ကြီးထဲမှာ အကုန်လုံးက ရည်းစား တစ်သမတ်တည်း  ထားပြီး တစ်ယောက်တည်း ညားတာ ရှားသွားပြီလေ။ အဲဒီလိုမျိုး ဆိုရင်တော့ အကောင်း ဆုံးပေါ့။ ဒါပေမယ့်လည်း  အဆင်မပြေလို့ နောက်တစ်ယောက် ပြောင်းထားတယ် ဆိုတာကလည်း  ရည်းစားများတယ်လို့ပြောလို့မရဘူးလေ။ဒါကဖြစ်တတ်တဲ့သဘာဝတွေပါပဲ။
 ရည်စားများတဲ့ ယောက်ျားလေးတွေကိုလည်း ကောင်မလေးတွေက မကြိုက်ကြဘူးနော်။
 ရည်းစားများတဲ့ ယောက်ျားလေးဆိုရင် စိတ် ရှုပ်ရတာပေါ့။ ဘယ်ကောင်း မလဲနော်။ အဓိကက မိန်းကလေးတွေ ရွေးချယ်တယ်  ဆိုတာက ယေဘုယျအားဖြင့် ရည်စား မများရဘူး။ သစ္စာ မဖောက်ရဘူး။ အရက်  မသောက်ရဘူး။ဆေးလိပ်မသောက်ရဘူး။ဒါတွေကနေ အကြမ်းဖျင်းပြီး  မိန်းကလေးတွေကစဉ်းစားကြတာကို။ရည်းစားများတဲ့ယောက်ျားတွေနဲ့  တွေ့ရင်စိတ်ညစ်ရမှာပေါ့နော်။ဘယ်လိုလုပ်အဆင်ပြေမလဲ။
 ကိုယ့်မှာတော့ ချစ်ရတဲ့ သူတစ်ယောက် ရှိနေပြီ။ ဒါပေမယ့် ၀တ်မှုံကို ကြိုက်တဲ့၊ နှစ်သက်တဲ့  ကောင်လေးတွေရှိသေးတယ်ဆိုရင်ကိုယ့်ချစ်သူနဲ့ဘယ်လိုညှိနှိုင်းရမလဲ။
  မသိဘူး။ အခုအချိန်မှာ ၀တ်မှုံ အဲဒီ မေးခွန်းကို ပြောဖို့ အတွက် ၀တ်မှုံမှာ ဘာမှ  ရှိမနေဘူးလေ။ အဲဒီမေးခွန်းကိုဖြေဖို့အဖြေမရှိဘူး။အဲဒီလိုမျိုးကြီးလည်းမရှိပါဘူး။
 ကောင်လေး တစ်ယောက်က အရမ်း ကြိုက်နေတယ်။ ဒါပေမယ့် အဲဒီ ကောင်လေးကို ၀တ်မှုံက  မကြိုက်ဘူးဆိုရင်ဘယ်လိုနည်းနဲ့တုံ့ပြန်မလဲ။
 လူငယ် ဘ၀မှာ ရူးရူးမူးမူး ချစ်ကြပြီး တဇွတ်ထိုး လုပ်တတ်ကြတာတွေ ရှိတယ်လေ။ အဲဒါကို  ၀တ်မှုံဘာပြောချင်လဲ။
 အဲဒါမျိုး ဆိုရင် အချိန် အတိုင်းအတာ တစ်ခု အထိတော့ စောင့်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ လူငယ်တွေ ဆိုတာ ၁၆ နှစ်၊ ၁၇  နှစ်အရွယ် လေးတွေ၊ ၀တ်မှုံမှာလည်း ညီမ ရှိပါတယ်။ အဲဒီ အရွယ်က စပ်ကူး မတ်ကူးလေးတွေ၊ စိတ်ကစားတယ်၊ အရူးအမူး  ဖြစ်တတ်ကြတယ်။ ဒါတွေက များသောအားဖြင့် ဖြစ်တတ်ကြတာပဲပေါ့။ အဲဒီ အချိန်မျိုးမှာ စိတ်လိုက်မာန်ပါ မလုပ်စေချင်ဘူး။  အေးအေး ဆေးဆေးနဲ့ မိဘ စကားနားထောင်၊ ရည်းစား ထားတာတော့ ထားပေါ့။ ရူးရူးမိုက်မိုက်တော့ မဖြစ်စေချင်ဘူး။  ကြီးလာရင် ဒါတွေက ပြန် တွေးရင်လည်း ဘာမှ မဟုတ်ဘူးလေ။ ရယ်စရာတွေ ဖြစ်ရင် ဖြစ်သွားမှာပါ။ ၀တ်မှုံ တုန်းကတော့  အဲဒီလို ရူးရူး မူးမူး မဖြစ်ခဲ့ဖူးဘူး။ ဒါပေမယ့် ၀တ်မှုံ ပတ်ဝန်းကျင်မှာတော့ ရှိခဲ့တယ်။
 ဒါဆိုဝတ်မှုံရဲ့ပတ်ဝန်းကျင်မှာအချစ်နဲ့ပတ်သက်ပြီးအမှားတွေမကြုံအောင်  ထိန်းကျောင်းပေးမယ့်သူတွေများနေလား။
 “၀တ်မှုံရဲ့ ပတ်ဝန်းကျင်မှာ အဲဒီလို ပြောပြပေးမယ့် လူတွေများတယ်။ မေမေဆိုလည်း ပြောတယ်။ မေမေက မိဘဆိုတော့  မဖြစ်စေချင်တာ၊ စိတ်ပူတာလည်းပါ မယ်။ မေမေက လိုအပ်တာထက် တစ်ခါတလေ စိတ်ပူ တာမျိုးလည်း ရှိမှာပေါ့။  ပတ်ဝန်းကျင်မှာလည်း ၀တ်မှုံရဲ့ သူငယ်ချင်းကောင်းတွေ ရှိတယ်။ ဒါဆို လုပ်သင့်တယ်၊ ဒါဆို မလုပ်သင့်ဘူး အသိတရား  ရအောင်၊ စဉ်းစား တတ်အောင် ပြောပြတဲ့သူတွေ ရှိတယ်။ ၀တ်မှုံ ကံ ကောင်းတယ်လို့ ပြောရမှာ ပေါ့။ တစ်ခုခုဆိုရင် ၀တ်မှုံ  လမ်းမှားကြီး ရောက်မသွားဘူးပေါ့။ ၀တ်မှုံဘာသာ အေး အေးဆေးဆေး လုပ်တယ်လို့ ၀တ်မှုံရွှေရည်က ဖြေပေးပါ တယ်။
  ရဲတိုက်နဲ့ ၀တ်မှုံရွှေ ရည်တို့ ချစ်ခြင်းအပေါ်၊ ချစ်သူ အပေါ်ထားတဲ့ စိတ်ကူး၊ အတွေးတွေက မတူပါဘူး။ မိန်ကလေးနဲ့  ယောက်ျားလေး ဆိုတဲ့ ကွာခြားမှုနဲ့ အချစ်အပေါ် ခံစားတဲ့ ခံစားမှုတွေ မတူညီကြတာပါ။ ရွှေ အမြုတေ မဂ္ဂဇင်း မျက်နှာဖုံး  အတွက် အချိန်ပေး ရိုက်ကူး ပေးကြတဲ့  ရဲတိုက်၊ ၀တ်မှုံ ရွှေရည်၊ ဓာတ်ပုံကိုလင်း (Studio-K) နဲ့၊ ၀တ်မှုံရွှေရည် ကို မိတ်ကပ်၊  ဆံပင်ပြင်ဆင် ပေးတဲ့ မိတ်ကပ်ဝိုင်း(ဒီဇင် ဘာနှင်း)တို့ကို ကျေးဇူးတင်ပါတယ်။ ၂၀၁၁ ရဲ့ ဖေဖော် ၀ါရီ ၁၄ မှာ ချစ်သူတွေတိုင်း၊  ချစ်သူတိုင်း ပျော်ရွှင် ကြည်နူးကြပါစေ။
 Source from
 (ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)
Top
 1 » 2 » 3 » 4 » 5 » 6 » 7 » 8
   Main Page
   Review
   History of Myanmar Movies
   Actor & Actress Links
   Models
   Directors
   Celebrities News
   Movies Music & Sound
   Asian Movies
English
Chinese
Korean
Thai
Indian
   Myanmar Movie Category
Drama
Comedies
Edutainment
Documentary
   Myanmar Videos
   Myanmar Movies Online (Free / Pay)
   Myanmar Movies with English Subtitles
   Myanmar Movies News & Discussion
   Myanmar Movies Publications
   Buy Phone Card
   Contact Us
Copyright 2009 All Right Reserved by MYANMAR MOVIES. Prepared by DPS. Developed by SLM (20th July 2010)
free hit counters