iimyanmarmovies photot">
 ဂီတာသမားလေးနဲ့ အဆိုတော်တို့ရဲ့ မင်္ဂလာပွဲ

 ၂၀၀၀ ပြည့်နှစ်လောက်က စတင်တွေ့ဆုံခဲ့ကြတယ်လို့ ပြောပြခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ချစ်သူတွေ  ဖြစ်ခဲ့ကြတယ် ဆိုတဲ့  Noizecamp Band က

 ဂစ်တာသမားလေး မောင်သက်မျိုးကြူနဲ့ အဆိုတော် ခင်ဘုဏ်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ  အခမ်းအနားကိုတော့ သူတို့ရဲ့ ချစ်သူ  သက်တမ်း ၇ နှစ် ပြည့်မြောက်တဲ့ ဇန်န၀ါရီလ၂၅  ရက်နေ့က ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

 မောင်သက်မျိုးကြူနဲ့ ခင်ဘုဏ်းတို့ရဲ့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြားတဲ့  အခမ်းအနားကိုတော့ ဇန်န၀ါရီလ ၂၅ ရက်နေ့  မနက် ၉ နာရီ အချိန်က ရန်ကုန်မြို့၊ ကမ္ဘာအေး  ဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ မင်္ဂလာ  သတို့သား  မောင်သက်မျိုးကြူက ရန်ကုန်မြို့နေ ဦးအောင်မျိုးကြူ(ခ) Michael M Kyu နဲ့  ဒေါ်အေးအေးချို(ခ) Linda M Kyu  တို့ရဲ့ တစ်ဦးတည်းသော သားဖြစ်ပြီး မင်္ဂလာ သတို့သမီး ခင်ဘုဏ်းကတော့ ရန်ကုန်မြို့နေ  ဦးနေမျိုးအောင်နဲ့  ဒေါ်လွင်လွင်မာတို့ရဲ့ သမီးဦး ခင်ဘုဏ်းပြည့်(ခ) အဆိုတော် ခင်ဘုဏ်းပဲ ဖြစ်ပါတယ်။

 ဂစ်တာသမားလေးနဲ့  အဆိုတော်တို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြား လက်ထပ်တဲ့ မင်္ဂလာ အခမ်းအနားမှာ  မင်္ဂလာအခမ်းအနားမှူးများအဖြစ် ဦးသိန်းလှမော်နဲ့ ဦးကျော်စိုးဦးတို့က ဆောင်ရွက်ပေး ခဲ့ကြပါတယ်။ ဂီတအနုပညာရှင် နှစ်ဦးရဲ့  စုလျားရစ်ပတ် ထိမ်းမြား လက်ထပ်တဲ့ အခမ်းအနားမှာတော့ မင်္ဂလာမောင်နှံ လျှောက်လှမ်းကြမယ့် မင်္ဂလာ လမ်းကိုပန်းများ  ကြဲဖြန့် ပေးခဲ့ကြတာက သရုပ်ဆောင် ၀တ်မှုံရွှေရည်နဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေတို့ပဲ ဖြစ်ပါတယ်။ မင်္ဂလာအောင်စံပယ်  ပန်းကုံးများနဲ့ မင်္ဂလာ လက်စွပ်ဗန်းများကိုတော့ အဆိုတော် ရေဗက္က၀င်းနဲ့ ယူရေနီယမ် အကအဖွဲ့မှ ခိုင်လေးတို့က ကိုင်ဆောင်  ပေးခဲ့ကြပါတယ်။

 မောင်သက်မျိုးကြူနဲ့ ခင်ဘုဏ်းတို့ရဲ့ မင်္ဂလာသတို့သား မင်္ဂလာ သတို့သမီးအရံများ အဖြစ် ခြံရံလိုက်ပါ ပေးခဲ့ကြတာကတော့  အဆိုတော်များ ဖြစ်ကြတဲ့ ကောင်းမြတ်၊ စိုးသူရ၊ ဇော်ဌေး ရန်လေးနဲ့ L ဆိုင်းဇီလ်၊ N ကိုင်ရာ သီရိဆွေနဲ့ ကြိုးကြာတို့ပဲ  ဖြစ်ပါတယ်။ မင်္ဂလာ မောင်နှံတို့ မင်္ဂလာ လမ်းပေါ် လျှောက်လှမ်း လာစဉ်မှာမင်္ဂလာငွေခရုမှ ဇေယျတု အောင်သံ ချီပြီး
 တေးသံရှင် ဟေမာနေ၀င်းက အတိုင်းမသိ မင်္ဂလာဘွဲ့ သီချင်းနဲ့ သီကျူး ပေးခဲ့ပါတယ်။

 မင်္ဂလာ မောင်နှံတို့ စင်မြင့်ကို ရောက်ရှိချိန်မှာ မင်္ဂလာ မင်းပရိသတ်ကြီးကို ဂါရ၀ ပြုပေးကြပါတယ်။ စုလျားရစ်ပတ် ထိမ်းမြား  လက်ထပ်တဲ့ အစီအစဉ်မှာတော့ မင်္ဂလာသဘင် နာယကကြီးများ အဖြစ် ဗိုလ်မှူးချုပ် မော်သိန်း(ငြိမ်း)နဲ့ဇနီး  ဒေါ်ခင်သီတာဦးတို့က စုလျားရစ်ပတ် ထိမ်းမြား လက်ထပ်ခြင်းနဲ့ ရေစင်သွန်းလောင်း ပေးခဲ့ကြပါတယ်။ မင်္ဂလာ အောင်စံပယ်  ပန်းကုံးနဲ့ မင်္ဂလာ လက်စွပ်များကို ချီးမြှင့် ပေးခဲ့ကြတာကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ(ငြိမ်း)နဲ့ ဇနီး ဒေါ်ခင်သက်ဌေးတို့ပဲ  ဖြစ်ပါတယ်။

 စုလျားရစ်ပတ် ထိမ်းမြား လက်ထပ်တဲ့  အစီအစဉ်မှာ ဂီတ မင်္ဂလာ မောင်နှံကို မင်္ဂလာ တေးများနဲ့ လက်ဖွဲ့ ပေးခဲ့ကြတာက ဂီတ  မောင်နှမ အဆိုတော်များ ဖြစ်ကြပြီး Plus 3 တေးဂီတ အဖွဲ့က တီးခတ် ပေးခဲ့ကြတယ်လို့ သိရပါတယ်။ မနက်ပိုင်း စုလျား  ရစ်ပတ်တဲ့ အစီအစဉ်မှာတော့ မင်္ဂလာ သတို့သား သတို့သမီးနဲ့ အရံ ဗန်းကိုင်များရဲ့ ၀တ်စုံများကို ခင်ဘုဏ်းရဲ့ ပင်တိုင်ဝတ်စုံ  ဒီဇိုင်နာ မပုံ့က ရွှေအိုရောင် ၀တ်စုံများနဲ့ ဒီဇိုင်းဆင် ထုတ်လုပ် ပေးတယ်လို့ သိရပါတယ်။

 မင်္ဂလာပွဲကြီး အောင်မြင် ပြီးမြောက်ခြင်း အထိမ်းအမှတ် အဖြစ် မင်္ဂလာ ညစာနဲ့ တည်ခင်းတဲ့ အစီအစဉ်ကိုတော့ ဇန်န၀ါရီလ ၂၅  ရက်နေ့ ည ၆ နာရီ အချိန် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မြက်ခင်းပြင်မှာ ကျင်းပပေးခဲ့တာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲ  အစီအစဉ်မှာတော့ ဂီတ မောင်နှမများ စုံညီစွာ တက်ရောက်ချီးမြှင့် ပေးခဲ့ကြတာကို တွေ့ရပါတယ်။ မင်္ဂလာ ညစာစားပွဲ အစီအစဉ်  ကျင်းပရာမှာတော့ အခမ်းအနားမှူးများ အဖြစ် သရုပ်ဆောင် ဆန်းထွဋ်နဲ့ တင်မိုးလွင်တို့က ဆောင်ရွက် ပေးခဲ့ကြတာ ဖြစ်ပြီး  မင်္ဂလာ ညစာစားပွဲမှာ တေးသံသာများနဲ့ လက်ဖွဲ့ တီးခတ် ပေးခဲ့ကြတာကတော့ Iron Cross တေးဂီတအဖွဲ့ကြီးပဲ ဖြစ်ပါတယ်။  မင်္ဂလာညစာစားပွဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကို ခင်ဘုဏ်းတို့ ဇနီးမောင်နှံက အနက်ရောင်ဝတ်စုံများ ၀တ်ဆင်ပြီး  တက်ရောက်ချီးမြှင့် စေလိုတာကြောင့် မင်္ဂလာ အခမ်းအနားမှာ အနက်ရောင်များ လွှမ်းလို့ နေပါတယ်။

 ပထမဦးစွာ မင်္ဂလာ မောင်နှံတို့ မင်္ဂလာ အခမ်း အနား ရှိရာ တွဲထွက်လာချိန်မှာ တော့ မင်္ဂလာ မောင်နှံနှစ်ဦး က အဖြူရောင်  ၀တ်စုံများ ၀တ်ဆင်ပြီး လျှောက်လှမ်း လာတာကြောင့် အနက်ရောင် များကြားမှာ အဖြူရောင်က အထင်းသား  ပေါ်လွင်ခဲ့ပါတယ်။ မင်္ဂလာ မောင်နှံတို့က Romantic ဆန်ဆန် ဆင်မြန်းထားတဲ့ ပန်းအိမ်လေး ရှေ့မှာ သူတို့ ရဲ့မင်္ဂလာပွဲ  အောင်မြင်ခြင်း အထိမ်းအမှတ်ဖြစ် ကိတ်မုန့် လှီးပြီး နှစ်ဦးသား တစ်ဦးကို တစ်ဦး ခွံ့ကျွေးခဲ့ကြပါတယ်။

 မင်္ဂလာမောင်နှံ နောက်ထပ် ၀တ်စုံတစ်စုံ လဲလှယ် နေချိန်မှာတော့ ညစာနဲ့ တည်ခင်းပြီး Iron Cross တေးဂီတ အဖွဲ့  တီးခတ်ပေးမှုနဲ့ IC ရဲ့ ပင်တိုင် အဆိုတော်များ ဖြစ်ကြတဲ့ အငဲ၊ မျိုးကြီး၊ ဇော်ပိုင် စတဲ့ တေးသံရှင်များနဲ့ တက်ရောက်  ချီးမြင့်ခဲ့ကြတဲ့ အဆိုတော်များက မင်္ဂလာလက်ဖွဲ့ တေးများနဲ့ ဖျော်ဖြေပေးခဲ့ ကြပါတယ်။

 မင်္ဂလာမောင်နှံ နောက် ထပ်တစ်ကြိမ် မင်္ဂလာ စင်မြင့်ရှိရာ လှမ်းလာချိန်မှာ တော့ သတို့သားကတစ်ဖက်၊ သတို့သမီးကတစ်ဖက်  တစ်ခြမ်းစီ ၀င်ရောက်လာတာဖြစ် ပြီး အဲဒီအချိန်မှာ မင်္ဂလာ သတို့သား ဂစ်တာသမား လေးက ဂစ်တာတီးပြီး  ၀င်ရောက်လာသလို သူရဲ့နောက် မှာလည်း ဂီတသမားများ ဖြစ်ကြတဲ့ အဒီနိုနဲ့ ရန်လေး တို့က ဂစ်တာတီးပြီး လိုက်ပါ  လာကြပါတယ်။ မင်္ဂလာ သတို့သမီးခင်ဘုဏ်း ထွက်လာတဲ့ အချိန်မှာ  ခင်ဘုဏ်းကလည်း ကိုယ်တိုင် သီချင်းဆိုပြီး  သူ့ရဲ့နောက်မှာ ကြိုးကြာနဲ့ ခိုင်လေးတို့က အကများနဲ့ လိုက်ပါ ခြံရံပေးခဲ့ကြပါ တယ်။ ဒီတစ်ကြိမ်
 ထွက်လာချိန်မှာတော့ မင်္ဂလာ မောင်နှံက အနက်ရောင် အနောက်တိုင်း မင်္ဂလာဝတ်စုံနဲ့ ၀တ်ဆင်ခဲ့ကြတာ ဖြစ်ပြီး စင်မြင့်ပေါ်  ရောက်ရှိချိန်မှာတော့ ဧည့်ပရိသတ် ကြီးကို ကျေးဇူးတင် စကား အရင်ဆုံး ပြောကြားပေးပါ တယ်။

 အဲဒီနောက်မှာတော့ မင်္ဂလာပန်းများနဲ့ ဆင်မြန်းထားတဲ့ မင်္ဂလာ စင်မြင့်ပေါ်မှာ မင်္ဂလာပွဲကြီး အောင်မြင်ခြင်း အထိမ်းအမှတ်  အဖြစ် ရှန်ပိန်များ ဖွင့်ဖောက်ပြီး အောင်ပွဲ ခံခဲ့ကြပါတယ်။ ဒီညမင်္ဂလာ ညစာစားပွဲက တော့ အားလုံး လွတ်လွတ်လပ်လပ်  ပျော်ရွှင်ခွင့် ရအောင် စီစဉ် ပေးခဲ့တာ ဖြစ်ပြီး အားလုံး ပျော်ခဲ့ကြရတဲ့ ညစာ စားပွဲလေးဖြစ်ခဲ့ပါတယ်။

 မင်္ဂလာပွဲကြီးပြီး မြောက်ခဲ့ ပြီးရင်လည်း မင်္ဂလာမောင်နှံက ဂီတသမားများ ဖြစ်ကြတဲ့ အလျောက် တစ်ကိုယ်တော် တေးစီးရီး  အမြန်ဆုံးထွက် နိုင်ဖို့ စီစဉ် ထားရှိကြောင်း လည်း သိရပါတယ်။ အဲဒီ အခါမှာ မောင်သက်မျိုးကြူက တီးခတ်ပြီး ခင်ဘုဏ်းရဲ့  အဆိုနဲ့ ပရိသတ်ကြီး နားဆင်ခွင့် ရတော့မယ်လို့ သိရပါတယ်။
myanmarmovie
 Source from
 (ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

Top

  1 » 2 » 3 » 4 » 5 » 6 » 7 » 8
   Main Page
   Review
   History of Myanmar Movies
   Actor & Actress Links
   Models
   Directors
   Celebrities News
   Movies Music & Sound
   Asian Movies
English
Chinese
Korean
Thai
Indian
   Myanmar Movie Category
Drama
Comedies
Edutainment
Documentary
   Myanmar Videos
   Myanmar Movies Online (Free / Pay)
   Myanmar Movies with English Subtitles
   Myanmar Movies News & Discussion
   Myanmar Movies Publications
   Buy Phone Card
   Contact Us

Copyright 2009 All Right Reserved by MYANMAR MOVIES. Prepared by DPS. Developed by SLM (20th July 2010)

free hit counters